Home
မြန်မာသတင်း
ကလေးမြို့နယ်၊ တင်သားကျေးရွာတွင် ပေါက်ကွဲမှုဖြစ်ပြီး ဒလန် ၁ ဦးသေဆုံး
DVB
·
May 26, 2021
Tin Thar Village

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ တင်သားရွာမှာ  မေလ ၂၅ ရက်နေ့က စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ သတင်းပေး ဒလန်တစ်ယောက်ရဲ့အိမ်မှာ  ပေါက်ကွဲမှုဖြစ်ပွားပြီး  ဒလန်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ည သန်းခေါင်က တင်သားရွာက ဒလန်အိမ်တအိမ်မှာ ပေါက်ကွဲခဲ့ပြီး ဒလန်အမျိုးသား သေဆုံးခဲ့တာကြောင့် မိသားစု၀င်တွေက စစ်တပ်ကို အကြောင်းကြားခဲ့ပါတယ်။ ရဲကားနဲ့  စစ်ကားစုစုပေါင်း ၈ စီး ရောက်လာတော့ ရွာသားတော်တော်များများ ရှောင်တိမ်းသွားကြတယ်။ သူတို့က သေနတ်တွေလည်း ဖောက်တယ်” လို့ ရွာသား တစ်ယောက်က ပြောပါတယ်။ 

ရွာထဲဝင်လာတဲ့ လက်နက်ကိုင်စစ်သားတွေက ရွာသားတစ်ဦးဖြစ်တဲ့ ဦးအောင်ကိုဌေး အိမ်ကနေ ငွေကျပ်တသိန်း ယူသွားပြီး မကြည်ကြည်အိမ်ကနေ စလောင်း၊ TV နဲ့ ဘက်ထရီအိုးတွေ ယူသွားသလို တခြားအိမ်တွေကိုလည်း ဝင်မွှေတယ်လို့ ဒေသခံတယောက်ကလည်း ပြောပါတယ်။

စစ်တပ်တွေဟာ ဒေသခံရွာသား  အယောက် ၂၀ လောက်ကို ဖမ်းဆီး စစ်ဆေးပြီး နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024