ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ လျှပ်စစ်ရုံး မီတာဆောင်တဲ့ နေရာအနီးနဲ့ မြို့နယ်ပညာရေးမှူးရုံးအနီးမှာ မေလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ကျော်လောက်က တစ်ရက်တည်း ဗုံး ၂ လုံး ဆက်တိုက်ဗုံးပေါက်ကွဲခဲ့ပါတယ်။
အဆိုပါ ဗုံးကွဲမှု ဖြစ်စဉ်ကြောင့် ပျက်စီးမှုအနည်းငယ်ရှိခဲ့ပေမယ့်လည်း လူထိခိုက်မှုတော့ မရှိခဲ့ပါဘူး။
အာဏာသိမ်းစစ်ကောင်စီအတွက် ထောက်ပံ့မှု ဖြစ်စေတဲ့ လျှပ်စစ်မီတာခတွေ မဆောင်စေဖို့ လှုံ့ဆော်သတိပေးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတချို့ကတော့ သုံးသပ်ပြောဆိုကြပါတယ်။
ဗန်းမော်မြို့နယ် ပညာရေးမှူးရုံးဟာလည်း စုပေါင်းရုံးအနီးတည်ရှိနေပြီး CDM ပြုလုပ်ထားရကနေ ပြန်လည်ရုံးတက်ခဲ့တဲ့ ဝန်ထမ်းတချို့နဲ့ ရုံးပြန်ဖွင့်နေတာကြောင့် အသံဗုံးကွဲခဲ့တာ ဖြစ်နိုင်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။