အရှေ့တောင်အာရှ အာဆီယံဒေသမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် စုစု ပေါင်းရဲ့ သုံးပုံတပုံနီးပါးဟာ မလေးရှားနိုင်ငံက ဖြစ်တယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။
ဒေသတွင်း နိုင်ငံတွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအသစ် ၂၀,၉၃၁ ယောက်ရှိ ခဲ့ပြီး အရင်နေ့က ကူးစက်မှုအသစ် ၁၉,၄၆၂ ယောက်ရှိခဲ့တာမို့ ကူးစက်မှုအနည်းငယ် မြင့် တက်လာခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးမှုအသစ်ကတော့ ဒေသတွင်း စုစုပေါင်း သေဆုံးမှု ၂၆၂ ယောက်ရှိခဲ့ပြီး အရင်နေ့က သေဆုံးမှုအသစ် ၂၃၇ ယောက်ထက် ပိုမိုမြင့်တက်နေခဲ့တာပါ။
အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၃ ဒသမ ၈၅ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ စုစုပေါင်း ၇၆,၀၂၉ ယောက်ထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၆,၅၀၉ ယောက်ရှိခဲ့တာမို့ အာဆီယံဒေသတွေထဲ တရက်အတွင်း ကူးစက်မှုစုစုပေါင်းရဲ့ သုံးပုံတပုံနီးပါး ရှိနေခဲ့တာ ဖြစ်ပြီး တရက်တည်း သေဆုံးမှုဟာလည်း ၆၁ ယောက်ထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၅၁၈,၆၀၀ ယောက်ထိ ရှိလာခဲ့ပြီး သေဆုံးသူ ၂,၃၀၉ ယောက် ရှိနေပြီ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံ အလုပ်သမားဝန်ကြီးဌာနကတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင် တွေမှာ အလုပ်သမားတွေကို ၆၀ ရာခိုင်နှုန်းထက်မနည်း လျှော့ချသွားဖို့ အမိန့်ထုတ်ပြန် ထားပြီး ဒေသတွင်း သက်ဆိုင်ရာအာဏာပိုင်တွေကလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု အခြေအနေအလိုက် အလုပ်ချိန်တွေကို ညှိနှိုင်းသွားဖို့ လုပ်ဆောင်နေတာပါ။
အာဆီယံနိုင်ငံတွေထဲမှာတော့ မလေးရှားနိုင်ငံက တတိယမြောက် ကူးစက်မှုအ မြင့်ဆုံးနိုင်ငံဖြစ်နေပြီး သူ့ရှေ့မှာတော့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ကူးစက်မှု သန်းချီရှိနေပြီး ဒေသတွင်း ကူးစက်မှုအမြင့်ဆုံးနိုင်ငံတွေအနေနဲ့ ရပ်တည်နေပါတယ်။