မော်လမြိုင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုထောက်ခံဆန္ဒပြ
DVB
·
May 25, 2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ လူငယ်တွေက မေ ၂၅ ရက်မှာ စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
အာဏာရှင်တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFတွေနဲ့အတူ ရပ်တည်သွား မယ်လို့လည်း လူငယ်တွေကပြောကြပါတယ်။
မော်လမြိုင်လူငယ်တွေဟာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီကို သပိတ်မျိုးစုံ ပြုလုပ်ပြီး နေ့စဉ်ရက်ဆက် ဆန္ဒဖော်ထုတ်နေတာပါ။