မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ မေလ ၂၄ ရက် ဒီနေ့ည ၇ နာရီလောက်က ဗုံးတစ်လုံးထပ်မံပေါက်ကွဲခဲ့ပါတယ်။
ဒေသခံတစ်ဦးက “တောင်တွင်းကြီးရဲစခန်းက ဝန်ထမ်းတွေနေတဲ့ လိုင်းခန်းမှာ ပေါက်ကွဲခဲ့တာပါ။ ဒေသအခေါ်တော့ အရှေ့ရဲစခန်းပေါ့။ ထိခိုက်ဒဏ်ရာရတာနဲ့ အပျက်အစီးတော့ မသိရသေးဘူး။ ဗုံးပေါက်ပြီးကတည်းက စစ်သားတွေက သေနတ်နဲ့ မြင်မြင်သမျှ လိုက်ပစ်နေတယ်။ ကျနော်တို့လည်း အပြင်မထွက်ရဲဘူး” လို့ အတည်ပြုပြောပါတယ်။
မေလ ၂၃ ရက်ညကလည်း တောင်တွင်းကြီး မြန်မာ့စီးပွားရေးဘဏ်ခွဲရှေ့ ဗုံးပေါက်ကွဲမှုဖြစ်လို့ လုံခြုံရေးကို ပိုမိုချထားတဲ့ကြားက ဒီနေ့ ဒုတိယအကြိမ် ထပ်မံပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
မနေ့ကဗုံးပေါက်ပြီးနောက် ဒီနေ့မှာ လုံခြုံရေးအင်အား တိုးမြှင့်ချထားသလို မြို့နယ်လမ်းဆုံ မီးပွိုင့်မှာ CCTV တွေကိုလည်း စစ်ကောင်စီက တပ်ဆင်နေတာတွေ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။