မန္တလေးမြို့ ဈေးချိုမှာ မေလ ၂၄ ရက်နေ့နောက်ဆုံးထား ဆိုင်ခန်းတွေဖွင့်ဖို့ အသိပေးထားပေမယ့် ဆိုင်ခန်းတချို့သာ ဖွင့်ထားပြီး ဈေးဝယ်မယ့်သူ မရှိဘူးလို့ သိရပါတယ်။
ဖွင့်သူတချို့ကလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ ဖိအားတွေကြောင့် ဖွင့်ကြတာ တွေ့ရတယ်လို့ ဈေးသည်တစ်ဦးက ပြောပါတယ်။
အဆင့်မြင့်ဈေးချိုတော်နဲ့ တိုက်တန်းကြီးဈေးကို မတ်လ ၂၁ ရက်နေ့ကတည်းက ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုပေမယ့် ဆိုင်ခန်းတွေမဖွင့်တာကြောင့် မေလ ၂၄ ရက်နေ့နောက်ဆုံးထား ဆိုင်ခန်းတွေဖွင့်ဖို့ အသိပေးခဲ့တာပါ။
ဆိုင်ခန်းတွေမဖွင့်ပါက ဈေးဆိုင်ငှားရမ်းအသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်အပိုဒ် (၁၄) အရ ဈေးဆိုင်ခန်းကို စည်ပင်သာယာရေးကော်မတီပိုင်အဖြစ် သိမ်းမယ်လို့ စာကပ်ထားပါတယ်။
မေ ၂၄ ရက်နေ့မှာလည်း ဆိုင်ခန်းတချို့သာ ဖွင့်တာကြောင့် မေလ ၂၆ ရက် နောက်ဆုံးထားဖွင့်ဖို့ဆိုပြီး လိုက်အော်နေတယ်လို့ သိရပါတယ်။