ခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ မလေးရှားနိုင်ငံမှာ ရောဂါ ကူးစက်ပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် ကန့်သတ်စည်းမျဉ်းစည်းကမ်းတွေကို ထပ်တိုးထုတ်ပြန်လိုက် ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု စံချိန်တင် မြင့်တက်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ထပ်တိုးစည်းမျဉ်းတွေ ချမှတ်လိုက်တာ ဖြစ်ပါ တယ်။
စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မေ ၂၅ ရက်နေ့ကစတင်ပြီး မနက် ၈ နာရီကနေ ည ၈ နာရီအထိသာ ဖွင့်လှစ်ခွင့်ပြုမှာဖြစ်တယ်လို့ မလေးရှားကာကွယ်ရေးဝန်ကြီး အစ္စမေး လ်ဆာဘရီ ယာကော့ဘ်က ပြောပါတယ်။
လူစုလူဝေးနဲ့ လှုပ်ရှားသွားလာမှုတွေ ထိန်းချုပ်နိုင်ဖို့အတွက် အစိုးရဝန်ထမ်း ၈၀ ရာခိုင်နှုန်းနဲ့ ပုဂ္ဂလိကဝန်ထမ်း ၄၀ ရာခိုင်နှုန်းလောက်ကတော့ နေအိမ်တွေကနေ အလုပ် လုပ်ကြမယ်လို့ ဆိုပါတယ်။
ရောဂါကူးစက်နိုင်ခြေမြင့်မားတဲ့ နေရာတွေကိုလည်း ပိတ်ပင်ထားမှာဖြစ်ပြီး အ များသုံးပို့ဆောင်ရေးလုပ်ငန်းတွေ အသုံးပြုမှုကို ၅၀ ရာခိုင်နှုန်းထိ ကန့်သတ်ထိန်းချုပ် သွားမယ်လို့ အစ္စမေးလ်က ပြောပါတယ်။
ထပ်တိုးစည်းမျဉ်းစည်းကမ်းနဲ့ဆောင်ရန်ရှောင်ရန်အချက်အလက်တွေကိုတော့ မလေးရှားကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေငြာပေးသွားမယ်လို့ ဆိုပါတယ်။
မလေးရှားနိုင်ငံမှာ မနေ့ကတရက်တည်းမှာတင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအ သစ် ၇၀၀၀ နီးပါးရှိခဲ့ပြီး ဒီပမာဏဟာ ၅ ရက်ဆက်တိုက် ကူးစက်မှုအသစ် ၆၀၀၀ ကျော် မှာ ရှိနေခဲ့တာလို့ ဆိုပါတယ်။
မလေးရှားနိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၅ သိန်း ကျော်၊ သေဆုံးသူပေါင်း ၂၂၀၀ ကျော်နဲ့ အာရှဒေသတွင်း ကူးစက်မှုအမြင့်ဆုံးအဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။