Home
မြန်မာသတင်း
ဦးပိုင်ကုမ္ပဏီ ကျောက်စိမ်းတင်စက်လှေကို SNA ရှမ်းနီတပ်က တိုက်ခိုက်၊ စစ်ကောင်စီ တပ်သားများ ဒဏ်ရာရ
DVB
·
May 24, 2021
189692373_2841690759479162_2823107815099633448_n
189476875_2841690706145834_5365048620100055303_n
189139131_2841696492811922_4457534056145223542_n

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် တစုန်းကျေးရွာအနီး ချင်းတွင်းမြစ်အတွင်းမှာ မေလ ၂၄ ရက် ၁၀ နာရီဝန်းကျင်က SNA ရှမ်းနီလက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။

စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက ကျောက်စိမ်းတွေတင်ဆောင်လာတဲ့ စက်လှေကို SNA တပ်ဖွဲ့က တစုန်းကျေးရွာအနီးချင်းတွင်းမြစ်ထဲမှာ ပစ်ခတ်တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ပွားတာလို့ SNA တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“ချင်းတွင်းမြစ်ထဲမှာ ဦးပိုင်ကုမ္ပဏီက ခန္တီးကနေ မန္တလေးကို ကျောက်စိမ်းတွေ သယ်ပို့တဲ့ စက်လှေကိုဝင် တိုက်တာပါ။ အဲဒီမှာလုံခြုံရေးယူပေးတဲ့ အကြမ်းဖက်စစ်တပ်က ပါလာတာ။ ကျနော်တို့က ရေလမ်းခရီးကနေ တိုက်ခိုက်တယ်။ သူတို့ချင်းတွင်းမြစ်ထဲ စက်လှေပေါ်ကနေ ပစ်ခတ်တယ်။ ကျနော်တို့ ကုန်းပေါ်ကနေ လက်နက်ကြီး ပစ်ခတ်တယ်။ သူတို့ဘက်က အများအပြား ဒဏ်ရာတွေရတယ်။ စက်လှေတွေ မှန်တယ်။ မနက် ၁၀ နာရီ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ မနေ့က အဲဒီစက်လှေတွေ ထမံသီကျေးရွာမှာ ရပ်နားတယ်။ ဒီမနက် ထမံသီကနေ မန္တလေးကို ပြန်စုန်လာတယ်။ တစုန်းကျေးရွာကနေ ပြန်တိုက်ခိုက်တယ်”။

အဆိုပါတိုက်ပွဲမှာ နှစ်ဘက် ထိခိုက်သေဆုံးစာရင်းကတော့  မသိရသေးကြောင်း SNA တာဝန်ရှိသူက ပြောပါတယ်။ မနေ့ကလည်း ဦးပိုင်ကုမ္ပဏီရဲ့ ကျောက်စိမ်းတင်လာတဲ့စက်လှေကို တိုက်ခိုက်ပြီး ထိခိုက်မှုမရှိကြောင်းသိရပါတယ်။

ခန္တီးမြို့နယ် နန်းစီပွန်မှာ မေလ ၂၂ ရက်နေ့ကလည်း  ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024