ချင်းပြည်နယ် ဟားခါးမြို့ GTI ကျောင်းရှေ့က ယန္တရားတစ်စီး မီးလောင်သွားတာဟာ သူတို့ လက်ချက်မဟုတ်ဘူးလို့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး) က ထုတ်ပြန်ပါတယ်။
ကျောင်းရှေ့မှာ ရပ်ထားတဲ့ JCB စက်ကြီးတစ်စီးဟာ မေ ၂၂ ရက်မနက်ပိုင်းက ဆိုင်ကယ်စီးလာသူ တစ်ယောက်ရဲ့ လက်ချက်နဲ့ မီးလောင်ခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ CDF နဲ့ ပြည်သူအကြား အထင်အမြင်လွဲမှားစေဖို့ မြန်မာပြည်အနှံ့ ပျူစောထီးလူမိုက်အဖွဲ့တွေ ဖွဲ့စည်းပြီး အဖျက်အမှောင့်တွေ လုပ်ခိုင်းထားတာကို အားလုံးအသိ ဖြစ်တယ်လို့လည်း CDF ဟားခါးက ဆိုပါတယ်။
ဒါကြောင့် အခုလိုဖျက်ဆီးနေသူတွေကို စုံစမ်းဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။