Home
မြန်မာသတင်း
ဟုမ္မလင်းလွှတ်တော်ကိုယ်စားလှယ် ၂ ဦးအပါအဝင် ၁၂ ဦးကို ပျူစောထီးအဖွဲ့ ခြိမ်းခြောက်စာပို့
DVB
·
May 23, 2021
189870537_2840921199556118_8005805662654988112_n

စစ်ကိုင်းတိုင်း ဟုမ္မလင်းပျူစောထီးအဖွဲ့က လွှတ်တော်ကိုယ်စားလှယ် ၂ ဦးအပါအဝင် ပြည်သူ ၁၂ ဦး အား မေ ၂၃ ရက်နေ့မနက်ပိုင်းက ခြိမ်းခြောက်စာ ပို့ခဲ့တယ်လို့ သိရပါတယ်။

“အခုမနက်ပိုင်း ကျနော့်အိမ်စာရောက်လာတယ်။ ဟုမ္မလင်းပျူစောထီးအဖွဲ့ ခြိမ်းခြောက်စာပို့ခဲ့တယ်။ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတကာမှာ သိက္ခာကျနေတဲ့ သိက္ခာပြန်ဆယ်ဖို့ လက်ကိုင်တုတ်တွေမွေးပြီး ပြည်သူချင်းချင်းပြန်ရန်တိုက်ပြီး ဆူပူမှု ဖန်တီးတော့မယ်လို့ပဲ မြင်တယ်။ သမိုင်းတစ်လျှောက်လုပ်လာတဲ့ အကွက်ဟောင်းတွေပေါ့။ နောက်တစ်ခု ဖြစ်နိုင်တာကလည်း အကြမ်းဖက်စစ်တပ်မှာ အင်အားမရှိတော့လို့ အဲ့လိုအဖွဲ့တွေ မြို့နယ်စုံဖွဲ့ပြီး လှုပ်ရှားဖို့ ပြင်လာတာ ဖြစ်နိူင်တယ်။ ဘာပဲ ဖြစ်ဖြစ် တပ်ပျက်နေပြီ” လို့ ခြိမ်းခြောက်စာပို့ခံရသူတစ်ဦးက ပြောပါတယ်။

အခြားမြို့နယ်တချို့မှာလည်း ပျူစောထီးအဖွဲ့က ခြိမ်းခြောက်စာ ပိုဆောင်နေတယ်လို့ သိရပါတယ်။

ပြည်သူတွေအပေါ် အဖျက်အမှောင့်လုပ်ငန်းတွေ လုပ်ဆောင်နေတာတွေကို ချင်ခြင်းရပ်တန့်ဖို့ ပျူစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024