ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ BOC မှတ်တိုင်အနီး Mytel ကုမ္ပဏီရုံးခွဲရှေ့မှာ မေ ၂၂ ရက်နေ့ ညနေ ၃ နာရီလောက်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ သိရပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်း စစ်ကောင်စီ လုံခြုံရေး တပ်ဖွဲ့ဝင်များရောက်ရှိလာကာ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။
ဒီပေါက်ကွဲမှုမတိုင်ခင်ကလည်း သုဝဏ္ဏအထက်တန်းကျောင်းရှေ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ကိုယ်ပိုင်ကားနဲ့ လာရောက် ပစ်ခတ်မှုရှိခဲ့တာကြောင့် လုံခြုံရေး စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။