တောင်သာမြို့ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်း
DVB
·
May 21, 2021
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို မေလ ၁၉ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။
တောင်သာမြို့နဲ့ တောင်သာနယ်ကကျေးရွာလူငယ်တွေနဲ့ စုပေါင်းဖွဲ့စည်းထားတာဖြစ်ကာ စစ်ကောင်စီရဲ့ အကြမ်းဖက် မတရားမှု မှန်သမျှကို ကာကွယ်တားဆီးသွားမယ်လို့ သိရ ပါတယ်။
အကြမ်းဖက်စစ်ကောင်စီနဲ့ ဒလန်တွေ အပါအဝင် စာသင်ကျောင်း ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်နေတဲ့ ဆရာ၊ဆရာမတွေရဲ့ လုံခြုံရေး လုံးဝ တာဝန်မယူပါလို့ ပြည်သူ့ကာကွယ်ရေးတပ်က ကြေညာထားပါတယ်။