စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်ထဲက ချောင်းဇင်းရွာကို မေ ၂၁ ရက်မနက် ၅ နာရီလောက်က အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်အဖွဲ့တွေ ဝင်ရောက်ခဲ့ပြီး ရွာသား ၁၀ ယောက်ကျော်ကို ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။
ရွာသူရွာသား အများစုဟာ နေအိမ်တွေမှာ ရှိမနေဘဲ ရှောင်တိမ်းနေကြပေမဲ့ သတင်း အတိအကျနဲ့ ဝင်ရောက်ကာ ဖမ်းဆီးသွားတာလို့ ရွာခံတစ်ဦးက ပြောပါတယ်။
“မနက် ဝေလီဝေလင်းကြီး။ ရွာမရောက်ခင် ကားတွေကို ရပ်ခဲ့တာ။ သူတို့က ခြေလျင် ဝင်လာတာ။ ရွာမှာက ကျန်းမာရေးမကောင်းသူနဲ့ သက်ကြီးရွယ်အိုတချို့ပဲ နေတော့တာ။ အကုန်ရှောင်နေတယ်။ ဒါကို သတင်းအတိအကျနဲ့ ဝင်လာတဲ့သဘော။”
ချောင်းဇင်းရွာရဲ့ တောင်ဘက် ခပ်လှမ်းလှမ်းမှာ ကာကွယ်ရေးအဖွဲ့ စခန်းချတဲ့နေရာရှိပြီး အဲ့ဒီနေရာကို မွှေနှောက်သွားကြတယ်လို့ သိရပါတယ်။