မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ အောင်သစ်လွင်ရပ်ကွက်မှာ မေလ ၂၀ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့တွေက ရှစ်တန်းကျောင်းသား ၁ ယောက်ကို ဖမ်းဆီးခဲ့သလို သဲကျောက်ဆောင်ရွာသား ၃ ယောက်ကိုလည်း ဖမ်းဆီးသွားပါတယ်။
မနေ့ညနေပိုင်းက မိုးကုတ်အနောက်ပိုင်း ရေဦးကျောင်း ကျောင်းအိမ်သာထဲမှာ ဗုံးပေါက်ကွဲတာကြောင့် ရဲနဲ့ စစ်တပ်က စစ်ဆေးနေချိန်မှာ ဆိုင်ကယ်ပစ္စည်းကိရိယာထည့်တဲ့ပုံးထဲ ကနေ မူးယစ်ဆေး ဖမ်းဆီးရမိတာကြောင့် ဆက်စပ် လာဖမ်းတာဖြစ်တယ်လို့ သိရပါတယ်။
ရှစ်တန်းကျောင်းသားရဲ့ အမျိုးတော်စပ်သူက မူးယစ်ဆေးနဲ့ပတ်သက်နေတာကြောင့် ကျောင်းသားကို ဖမ်းသွားတာဖြစ်ပြီး မိုးကုတ်အနောက်ပိုင်း သဲကျောက်ဆောင်ရွာက ရွာသား ၃ ယောက်ကိုလည်း မူးယစ်ဆေးနဲ့ ဆက်နွှယ် ဖမ်းဆီးသွားတာ ဖြစ်တယ်လို့သိရပါတယ်။