ကချင်ပြည်နယ်၊ မိုးညှင်းမြို့က အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ကျောင်း ဆရာမတစ်ဦးကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က မေလ ၁၇ ရက်နေ့ ညက ဖမ်းဆီးသွားပါတယ်။
ဖမ်းဆီးခံရတဲ့ဆရာမမှာဟာ ဒေါ်အေးမြသီတာဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးတယ်၊ ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မိုးညှင်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီကို အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDMလှုပ်ရှားမှုမှာ ပါဝင်တဲ့ ပညာရေးဝန်ထမ်း အယောက် ၉၀၀ ကျော်ရှိပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ စာသင်ကျောင်းတွေကို ဇွန်လဆန်းမှာ ပြန်ဖွင့်ဖို့ စီစဉ်နေသလို CDM ဆရာဆရာမတွေကိုလည်း ဖမ်းဆီးတာ၊ အမှုဖွင့်တာ၊ အလုပ်ရပ်နားတာ၊ အလုပ်ပြန်လုပ်ဖို့ ဖိအားပေးတာ ခြိမ်းခြောက်တာ စတဲ့ နည်းမျိုးစုံနဲ့ ပြုလုပ်နေပါတယ်။