ကချင်ပြည်နယ် ချီဖွေမြို့မှာ မေလ ၁၆ ရက်နေ့ မနက် ၆ နာရီက ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မေခမြစ်ကမ်းဘေးအနီးရှိ ဘောလုံးကွင်းမှာပြုလုပ်ခဲ့တဲ့ အဆိုပါ ဆုတောင်းပွဲကို မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် ရည်ရွယ်ကာ CCFC က ဦးဆာင်ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
လူအင်အား လောက် ပါ၀င်တဲ့ အဆိုပါငြိမ်းချမ်းရေးဆုတောင်းပွဲကို သက်ဆိုင်ရာတွေက လာရောက်ကြပေမဲ့ တစ်စုံတစ်ရာ တားဆီးပိတ်ပင်တာမရှိခဲ့ဘူးလို့ ဆုတောင်းပွဲမှာပါ၀င်ခဲ့တဲ့ ခရစ်ယာန်ဓမ္မအမှုတော်ဆောင်တစ်ဦးက DVB ကိုပြောပါတယ်။
ကချင်ပြည်နယ်ရှိ ချီဖွေမြို့ဟာ အင်တာနက်အမှောင်ချခံထားရတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။