ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်အာဏာရှင်အလိုမရှိ ဆိုင်ကယ်သပိတ် ပြုလုပ်
DVB
·
May 15, 2021
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် (ဝင်းရော်ဒေသ)မှာ မေ ၁၅ ရက် မနက်ပိုင်းက စစ်အာဏာရှင် အလိုမရှိကြောင်း ဆန့်ကျင်တော်လှန်တဲ့ ဆိုင်ကယ်သပိတ်စစ်ကြောင်းဟာ ကြွေးကြော်သံတွေနဲ့ လှည့်လည်ဆန္ဒပြခဲ့ပါတယ်။
ဆိုင်ကယ်သပိတ်စစ်ကြောင်းဟာ ခလယ်တံခွန်တိုင် ကျေးရွာအုပ်စုအတွင်း ကျေးရွာတွေက လမ်းမကြီးတလျှောက် အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းပြီး အပြစ်မဲ့ပြည်သူတွေ ကို ဖမ်းဆီးသတ်ဖြတ်နေတာတွေကို ဆန့်ကျင်တော်လှန်ပြီး ကြွေးကြော်သံတွေနဲ့အတူ ငြိမ်းချမ်းစွာ စီတန်းလှည့်လှည် ဆန္ဒပြခဲ့တာပါ။