Home
မြန်မာသတင်း
မန္တလေးဇီဝိတဒါနသာသနာ့ဆေးရုံ စစ်ကောင်စီ၏တပ်များ ဝင်ရောက်စီးနင်း၊ ၆ ဦး ဖမ်းခံရ
DVB
·
May 15, 2021
186449064_1380161199036363_4328647837439567876_n

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၆၂ လမ်းနဲ့ ၁၅ လမ်းက ဇီဝိတဒါနသာသနာ့အထူးကု ဆေးရုံကြီးကို မေ ၁၄ ရက် ည ၁၀ နာရီလောက်က အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။

အဲ့ဒီလို ဝင်ရောက်စီးနင်းပြီး ဆရာဝန် ၁ ဦး၊ အလုပ်သင် ၁ ဦး၊ စေတနာ့ဝန်ထမ်း ၂ ဦး၊ လူနာ ၁ ဦး နဲ့ လူနာစောင့် ၁ ဦး စုစုပေါင်း ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဇီဝိတဒါနသာသနာ့အထူးကုဆေးရုံကြီးဟာ သံဃာတော်တွေ၊ သီလရှင်တွေနဲ့ ပြည်သူတွေ ကို အခမဲ့ကုသပေးနေတဲ့ ဆေးရုံတစ်ခုဖြစ်ပြီး ကိုဗစ်ကာလတုန်းကလည်း စနစ်တကျ အသုံးပြုခဲ့တဲ့ ဆေးရုံဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024