ကနီမြို့နယ်က ဖမ်းဆီးခံရသူတချို့ ပြန်လွတ်
DVB
·
May 15, 2021
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းက ဖမ်းဆီးခံရသူ တချို့ မေ ၁၅ ရက် မနက်ပိုင်းက ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
လွတ်မြောက်လာသူတွေထဲမှာ ဇီးပင်တွင်းရွာက ၃ ဦး၊ အောင်မင်္ဂလာရွာနဲ့ သမင်ခြံရွာက ၇ ဦး စုစုပေါင်း ၁၀ ဦးရှိတယ်လို့ သိရပါတယ်။
မေ ၁၁ ရက် နဲ့ ၁၂ ရက်တွေက အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ မတရား ဖမ်းဆီးသွားတာဖြစ်ပြီး အယောက် ၃၀ လောက် ကျန်သေးတယ်လို့ သိရပါတယ်။