ဂန့်ဂေါခရိုင် ယောဒေသအတွင်းမှာရှိတဲ့ မြို့ရွာတွေစုပေါင်းပြီးတော့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကာကွယ်နိုင်ဖို့ မေ ၁၂ ရက်နေ့က ယောဒေသလုံးဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ (YDF) ကို ဖွဲ့စည်းလိုက်တယ်လို့ မေလ ၁၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာထားပါတယ်။
ယောကာကွယ်ရေးတပ်ဖွဲ့ဟာ လိုအပ်ပါက အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ဆက်သွယ်ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
YDF အနေနဲ့ ယောဒေသအတွင်းမှာ မည်သို့သော အကြမ်းဖက်မှုမျိုးကိုမဆို နည်းလမ်းမျိုးဆုံနဲ့ တုံ့ပြန်ကာကွယ်သွားမယ်လို့ဆိုပါတယ်။
ဂန့်ဂေါမြို့နယ်၊ ဆောမြို့နယ်နဲ ထီးလင်းမြို့နယ်က မြို့ရွာတွေကို ယောဒေသလို့ ခေါ်ဝေါ်တာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။