မွန်ပြည်နယ် ရေးမြို့နယ်မှာ အခြေခံစားသောက်ကုန်တွေအပြင် လူသုံးကုန်ပစ္စည်းတွေပါ ဈေးမြင့်တက်သွားပါတယ်။
သယ်ယူစရိတ်တွေ မြင့်တက်လာသလို ဒေါ်လာဈေး၊ ရွှေဈေးတွေ တက်လာတာနဲ့အမျှ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာလို့ ကုန်စည်ပစ္စည်း ဈေးမှတ်တမ်းယူနေသူတဦးက ပြောပါတယ်။
ကုန်ဈေးနှုန်းတွေ ကြီးလာတော့ ဘယ်လိုမှဝင်ငွေနဲ့ လုံလောက်မှုမှ မရှိကြဘဲ စားဝတ်နေရေးမှာလည်း ခက်ခဲပင်ပန်းနေရတယ်လို့ အိမ်ရှင်မ တဦးက ပြောပါတယ်။
“ဘာပဲဖြစ်ဖြစ် ပြည်သူ့တရပ်လုံးက စားဝတ်နေရေးဘက်မှာ ကုန်ဈေးနှုန်းသက်သာပြီး အလုပ်အကိုင်လေး ဖန်တီးပေးနိုင်မယ့် အစိုးအရ တရပ်ပဲ ဖြစ်စေချင်တယ်”လို့ သာမန်ပြည်သူ တဦးက ပြောပါတယ်။
ပြည်ပက တင်သွင်းရတဲ့ အခြေခံစားသောက်တွေ အရင်ဈေးနှုန်းထက် ရာဂဏန်းကနေ ထောင်ဂဏန်းကျပ်အထိ တက်ပြီး အလားတူ ပြည်တွင်း အခြေခံစားသောက်ကုန်တွေမှာလည်း ဆန်အမျိုးစားပေါ်မူတည်ပြီး အရင်ဈေးတွေထက် ၁ အိတ်ကို ကျပ် ၁၀၀၀ လောက်အထိ မြင့်တက်သွားခဲ့ပါတယ်။
ဒါ့အပြင် ကြက်သွန်ဈေးတွေက အနည်းငယ်သာ ဈေးတက်ပြီးတော့ အသားငါးဈေးက အနည်းငယ်သာ ဈေးအပြောင်းလဲရှိကာ ကြက်သားဈေးတွေက အရင်ဈေးတွေထက် ၁ ပိဿာကို ကျပ် ၁၀၀၀ လောက်အထိ ဈေးတက်ခဲ့ပါတယ်။