အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီး၊ သတ်ဖြတ်၊ ခိုးဆိုးလုယက်၊ ဖိနှိပ်မှုဒဏ်ခံစားနေရတဲ့ ပြည်သူ့တွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကို မေလ ၁၂ ရက်နေ့မှာ စတင် ဖွဲ့စည်းလိုက်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ ဒီမိုကရေစီလိုလားသူတွေ၊ အကြမ်းဖက်စစ်အုပ်စုကို နည်းပေါင်းစုံနဲ့ ဆန့်ကျင်နေကြသူတွေနဲ့ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်လိုတဲ့ ရဲဘော်တွေ ပူးပေါင်းပါဝင် ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ မူဝါဒတွေကတော့ စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ခိုက်ခြေမှုန်းဖို့ ၊ ပြည်သူ့အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ဖို့၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု အမြန်ပေါ်ပေါက်ရေး ကြိုးပမ်းဆောင်ရွက်ဖို့နဲ့ စစ်လက်နက် အင်အား စုဆောင်းဖို့ ဖြစ်တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။