မြန်မာနိုင်ငံအခြေအနေအကြောင်းကို ဂျပန်ပြည်သူတွေ ပိုပြီး သိလာစေဖို့ ဂျပန်ရောက်မြန်မာတွေရဲ့ Try togeter at Japan အဖွဲ့က အပတ်စဥ် လှုပ်ရှားနေပါတယ်။
"ကျနော်တို့ TTAJ အဖွဲ့အနေနဲ့ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြောင်းရေးသားထားတဲ့ pamphlets နဲ့ Pocket Tissues တွေကို ဂျပန်ပြည်သူတွေ ပိုမိုသိရှိနားလည်လာစေဖို့၊ ဂျပန် အစိုးရက ဖိအားပေးကူညီလာစေဖို့ ရည်ရွယ်ပြီးတော့ လူစည်ကားတဲ့ ဘူတာကြီးတွေမှာ အပတ်စဉ် ဝေငှနေပါတယ်။ ဒီတပတ်ရဲ့ လှုပ်ရှားမှုကိုတော့ ဒီနေ့ (မေ ၈ ရက် က) တိုကျို၊ ရှင်းကိုအိဝ ဘူတာမှာ ပြုလုပ်ခဲ့ပါတယ်" လို့ ပါဝင်သူတယောက်က ပြောပါတယ်။