ကျောက်ဆည်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးအတွင်း အကြမ်းဖက်စစ်တပ် တပ်စွဲပြီး ကင်းစောင့်တဲ့နေရာမှာ မေ ၇ ရက်နေ့ ည ၈ နာရီလောက် ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် စစ်သားတွေ ထွက်ပြေးကြရပြီး ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးပေါက်ပြီးနောက် ကျောက်ဆည်မြို့ပေါ်က ရပ်ကွက်တွေမှာ သေနတ် အဆက်မပြတ်ပစ်ဖောက်ကာ ဆိုင်ကယ်နဲ့ မော်တော်ကားတွေကို ရပ်ခိုင်းပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုသံနဲ့ သေနတ်သံတွေကြောင့် ရပ်ကွက်နေပြည်သူတွေ ညမအိပ်ရဘဲ အထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ည ၁၀ နာရီခွဲမှာလည်း ပင်တလည်ကျေးရွာက အကြမ်းဖက်စစ်အုပ်စုကို နေ့စဥ် သတင်းပေးနေတဲ့ ဒလန်တစ်ဦးရဲ့အိမ်မှာ ..အမည်မသိလူတစ်စုက အသံဗုံးဖောက်သွားတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကျောက်ဆည်တက္ကသိုလ်အနီး တောမရွာက တရုတ်ရေနံပိုက်လိုင်းစောင့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး ပွဲချင်းပြီး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့တဲ့ကိစ္စကြောင့် စစ်ကောင်စီဘက်က တောမရွာနဲ့ အနီးအနားရွာတွေကို ဖိနှိပ်နေပြီး ရွာသားတွေကိုလည်း ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။