Home
မြန်မာသတင်း
ထားဝယ်တွင် CDM မူလတန်းကျောင်းအုပ်ဆရာမနှင့်ခင်ပွန်းဖြစ်သူကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီး
DVB
·
May 8, 2021
000

ထားဝယ်မြို့နယ်မှာ မေလ ၇ ရက်နေ့ ည ၈ နာရီကျော်လောက်က သ‌င်္ဘောဆိပ် မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်မြတ်မြတ်အောင်နဲ့ ခင်ပွန်းဖြစ်သူ ဦးမျိုးအောင် ကို စစ်သားအရပ်ဝတ်အင်အား ၁၀ ယောက်လောက်က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ အိမ်နီးနားချင်းတဦးက ပြောပါတယ်။

ဆရာမ ဒေါ်မြတ်မြတ်အောင်ဟာ အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာ ပါဝင်ထားတာဖြစ်ပြီး အိမ်နံပါတ်၊ နာမည်၊ ရာထူးစာရင်းအတိအကျယူလာပြီး ဆရာမကြီးနဲ့ခင်ပွန်းကို လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

"အိမ်ခေါ်လာပြီး ပစ္စည်းတွေသိမ်းခိုင်းတယ်၊ ဆရာမတို့က တံခါးပိတ်ပြီး အခန်းထဲ ဝင်နေတယ်၊ မထွက်လာရင် ပစ်မယ်လို့ပြောတော့ နောက်ဆုံးထွက်လာလိုက်ရတယ်၊ မိမိချင်း ဖုန်းတွေ တခါတည်း သိမ်းတယ်'' လို့ အိမ်နီးချင်းတွေက ပြောပါတယ်။ 

ဆရာမကြီးအား လာဖမ်းစဥ်က ရဲမေနှစ်ယောက်လည်း ပါတယ်လို့ သိရပြီး ထားဝယ်မြို့ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဖမ်းဆိးခံရတဲ့ ကျောင်းအုပ်ဆရာမကြီး ချက်ချင်းပြန်လွှတ်ဖို့ ထားဝယ်မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024