မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မေ ၆ ရက်က အကြမ်းဖက်စစ်အုပ်စုက ဆန္ဒပြလူငယ်တစ်ဦးကို သူ့ရဲ့နေအိမ်မှာ လာရောက်ဖမ်းဆီးရာမှာ လူငယ်မရှိတာကြောင့်မိခင်ကို ဓားစားခံအဖြစ် ဖမ်းဆီးသွားပါတယ်။
အကြမ်းဖက်စစ်အုပ်စုက မေလ ၅ ရက် နေ့ခင်းပိုင်းမှာလည်း အသက် ၁၄ နှစ်အရွယ်ကလေးနှစ်ဦးကို ဖမ်းဆီးသွားပြီး ရိုက်နှက်ကာ ပြန်ပို့လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးကုတ်မှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေကိုလိုက်လံ ဖမ်းဆီးနေပြီး ဖမ်းဆီးမည့်သူမရှိပါက မိသားစုဝင်တွေကို ဖမ်းဆီးနေတာဖြစ်တယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုက ဆန္ဒပြရာမှာ ပါဝင်တဲ့ ပြည်သူတွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။