ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့ပေါ်ကို အကြမ်းဖက် စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေက မေ ၅ ရက် ည ၇ နာရီ ၁၅ မိနစ်လောက်က ပျံသန်းနေပြီး ၂ မိနစ်အကြာမှာ ကျယ်လောင်တဲ့ အသံတွေကြားခဲ့ရတယ်လို့ လိုင်ဇာမြို့ခံတွေက ပြောပါတယ်။
တိုက်လေယာဉ်အသံတွေကြားရပြီး ၂ မိနစ်လောက်အကြာမှာ အသံအကျယ်ကြီး ၄ ကြိမ်ကြားရပြီး တပ်ရင်း ၁၉ ဘက်ကို ပစ်နေတာဖြစ်မယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆို ကြပါတယ်။
လိုင်ဇာမြို့မှာ နေထိုင်ကြတဲ့ မိဘပြည်သူတွေအနေနဲ့ လေယာဉ်သံကြားပါက ဗုံးခိုကျင်းထဲမှာ နေထိုင်ကြဖို့ အေအိုင်အေက တိုက်တွန်းထားပါတယ်။
မေ ၄ ရက် ည ၁၀ နာရီလောက်ကလည်း ပူတာအိုခရိုင်ထဲက ဖုန်ကျန်းရွာအနားမှာ အကြမ်းဖက် တပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)က ၀င်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။