မြန်မာစစ်တပ်နဲ့ စီးပွားရေးအရ ဆက်စပ်လုပ်ကိုင်နေတဲ့ နိုင်ငံတွေအားလုံး ပြန်စဉ်းစားချင့်ချိန်ကြဖို့ G7 စက်မှုထိပ်သီးနိုင်ငံတွေက တိုက်တွန်းလိုက်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် ပြောပါတယ်။
G7 မိတ်ဖက်နိုင်ငံတွေအနေနဲ့ မြန်မာပြည်က စစ်အာဏာသိမ်းမှုနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ပြစ်တင်ရှုတ်ချရာမှာနဲ့ ဒီမိုကရေစီလမ်းကြောင်းဆီပြန်သွားရေး စစ်တပ်ကို တိုက်တွန်းဖို့ရာမှာပါ တညီတညွတ်တည်းရှိကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်က ပြောပါတယ်။
ဒါ့အပြင် မြန်မာစစ်ကောင်စီရဲ့ တာဝန်ယူတာဝန်ခံမှုရှိဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဝန်ကြီးဘလင့်ကင်က သူ့ရဲ့တွစ်တာ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ G7 စက်မူထိပ်သီးနိုင်ငံများရဲ့ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးအတွက် လန်ဒန်ကိုရောက်ရှိနေပြီး မြန်မာနိုင်ငံအရေးအတွက် ဆွေးနွေးမှုတွေ တိုက်တွန်းတောင်းဆိုမှုတွေ ဆက်တိုက်ထုတ်ပြန်နေခဲ့တာဖြစ်ပါတယ်။
Photo Credit