စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) ကျောင်းသားများသမဂ္ဂနဲ့ စစ်ကျွန်ပညာရေးကို မလိုလားတဲ့ စိုက်သိပ္ပံ ကျောင်းသူ ကျောင်းသားအားလုံးအနေနဲ့ စစ်အုပ်စုက ဖွင့်မယ့် ဘယ်သင်တန်းမှ တက်ရောက်မှာ မဟုတ်ဘူးလို့ သမဂ္ဂက ထုတ်ပြန်ပါတယ်။
မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ်ရှိ စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) မှာ တက်ရောက်နေတဲ့ ကျောင်းသူ ကျောင်းသားတွေဟာ အနယ်နယ်အရပ်ရပ်မှာ နည်းမျိုးစုံနဲ့ ဖက်ဆစ်အကြမ်းဖက်အုပ်စုကို တော်လှန်နေကြတာဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်တို့ ကျောင်းသား ကျောင်းသူတွေက နယ်တွေ ရောက်နေတာ။ ရောက်နေတဲ့ နယ်တွေမှာ လှုပ်ရှားမှုတွေလုပ်နေတာ။ သဘောထားကတော့ တူတယ်။ စစ်ကျွန်ပညာရေးစနစ်ကို မလိုလားဘူး။ ကျောင်းတက်မှာမဟုတ်ဘူး။” လို့ စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ကျောင်းသားတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) ကျောင်းသားများသမဂ္ဂအနေနဲ့ စစ်အုပ်စု၊ စစ်ဗျူရိုဂရက်ယန္တရား၊ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။