Home
မြန်မာသတင်း
မုံရွာတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း
DVB
·
May 5, 2021
MonYwa Uni Council

မုံရွာတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းလိုက်ကြောင်း မေလ ၄ ရက်နေ့မှာ ကြေညာ ထုတ်ပြန်ပါတယ်။

မုံရွာတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီဖွဲ့ ကြားကာလတွင်း တက္ကသိုလ်အုပ်ချုပ်ရေး ပညာရေးကိစ္စအဝဝကို စီမံခန့်ခွဲဖို့  CDM ဆရာ၊ ဆရာမ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်၊ ဝန်ထမ်းသမဂ္ဂ ကိုယ်စားလှယ်၊ ကျောင်းသားဟောင်းကိုယ်စားလှယ် မြို့မိမြို့ဖ ကိုယ်စားလှယ်တွေနဲ့ မေလ ၄ ရက်နေ့မှာ ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်လိုက်တာပါ။

စစ်အာဏာရှင်တော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်တဲ့  တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့များအစား တက္ကသိုလ် စီမံအုပ်ချုပ်ရေးတာဝန်တွေ ထမ်းဆောင်ဖို့ ဖယ်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်နဲ့ အညီ တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်ရစေရန် ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။

ကောင်စီအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနဲ့  ချိတ်ဆက်ဆောင်ရွက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးမှ ချမှတ်တဲ့ ညွှန်ကြားချက်တွေအတိုင်း ပူးပေါင်းရွက်ဆောင်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024