မန္တလေးတိုင်း၊ မိုးကုတ်မြို့က လူမှုကယ်ဆယ်ရေးအသင်းကားတွေနဲ့ အဖွဲ့ဝင်အယောက် ၃၀ ကို မေ ၂ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းဆီးခံရတဲ့အဖွဲ့ဝင် ၃၀ ထဲမှာ အမျိုးသမီးအဖွဲ့ဝင်တွေလည်း ပါတယ်လို့ သိရပြီး မိုးကုတ်မြို့ လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မရသေးပါဘူး။
လူမှုကယ်ဆယ်ရေး သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဟိန်းထက်မောင်ပါ ပါသွားတယ်လို့ သိရပါတယ်။
လူမှုကယ်ဆယ်ရေးအသင်းရုံးနေရာကို စစ်ကားတွေနဲ့တက်လာပြီး ခဏအကြာမှာ လူမှုကယ်ဆယ်ရေး ကားတွေနဲ့ စစ်ကားတွေ အတူတူပြန်ဆင်းလာပြီး လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တွေလည်း ပါသွားတာလို့ သိရပါတယ်။