မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၃ လမ်း၊ ၃၄ လမ်း နဲ့ ၃၅ ကြားရှိ မြန်မာ့အာမခံလုပ်ငန်း(မန္တလေးတိုင်းရုံး)ကို မေ ၂ ရက် မနက်ပိုင်းက လက်လုပ်ဗုံးနဲ့ ပစ်ခတ်ခံခဲ့ ရတယ်လို့ သိရပါတယ်။
ဆိုင်ကယ် ၂ စီးနဲ့လာတဲ့ လူ ၄ ယောက်အနက် ၂ ယောက်က ရုံးဝန်းအတွင်း လက်လုပ်ဗုံးနဲ့ လှမ်းပစ်ပြီး ၂ ယောက်က လမ်းထိပ်မှာ ရှိနေခဲ့တယ်လို့ ရုံးမှာ ရှိနေသူ တစ်ဦး ဆိုပါတယ်။
ပစ်တာ ဗုံး ၂ လုံးဖြစ်ပြီး တစ်လုံးသာ ပေါက်ကွဲခဲ့ကာ ထိခိုက်ဒဏ်ရာရသူနဲ့ ပျက်စီးတာ မရှိဘူးလို့ သိရပါတယ်။
ဒီလို လက်လုပ်ဗုံးနဲ့ ပစ်ခံရတဲ့နောက် မြန်မာ့အာမခံလုပ်ငန်း (မန္တလေးတိုင်းရုံး) ရှေ့မှာ အတားအဆီးတွေ လုပ်ထားတာကိုတွေ့ရပါတယ်။