မန္တလေးတပ်ပေါင်းစု သပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး အနည်းဆုံး ၅ ဦး ဖမ်းခံရ
DVB
·
May 2, 2021
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၅၈ လမ်း၊ ၂၉ လမ်း၊ လမ်း ၃၀ ဘက်မှာ မေလ ၂ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်း ဖြိုခွင်းခံလိုက်ရပါတယ်။
စုပေါင်းသပိတ်စစ်ကြောင်း စတင်ချီတက်နေတဲ့အချိန်မှာပဲ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေ ရောက်လာပြီး ကားနဲ့တိုက်ကာ ဖြိုခွင်းခဲ့တာလို့ စစ်ကြောင်းမှာ ပါသူတစ်ဦးက ပြောပါတယ်။
ဒီလို ဖြိုခွဲခံရတာကြောင့် ဆန္ဒပြသူ ၅ ဦး ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။