မိုးကုတ်မြို့တွင် စစ်အာဏာရှင်စနစ် ကျဆုံးရေး အရုဏ်ဦးသပိတ် ပြုလုပ်
DVB
·
May 2, 2021
မန္တလေးတိုင်း မိုးကုတ်မြို့မှာ မေလ ၂ ရက်နေ့က စစ်အာဏာရှင်စနစ် ကျဆုံးရေး အရုဏ်ဦးသပိတ်ကို ရပ်ကွက်ပေါင်းစုံ စုပေါင်းပြီး လူရာနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။
မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက တပ်ဖြန့်ထားပြီး အိမ်တွေထဲ ဝင်ဖမ်းတာ၊ ရပ်ကွက်တွေထဲ အင်အားအလုံးအရင်းနဲ့လာပြီး လိုက်လံစစ်ဆေးတာတွေ ရှိနေပေမယ့် စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ပြည်သူတွေဟာ ရတဲ့နေရာမှာ ရတဲ့အချိန် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။