မန္တလေးမြို့မှာ ဧပြီ ၃၀ ရက် မနက်က စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်တပ်ပေါင်းစုစစ်ကြောင်းဟာ အရှိန်မပျက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
တပ်ပေါင်းစု စစ်ကြောင်းမှာ ပညာရေးမိသားစုသပိတ်စစ်ကြောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဒေါင်းစစ်သည်သပိတ်စစ်ကြောင်း၊ အထက-၇ (မန်း)ကျောင်းသား/သူဟောင်းများသပိတ်စစ်ကြောင်း၊ ဘုရားကြီး ငြိမ်းချမ်းရေးသပိတ်စစ်ကြောင်း၊ စိန်ပန်းသပိတ်စစ်ကြောင်း တို့ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။
ချီတက်ရာမှာလည်း စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေး ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ကြွေးကြော်သံတွေနဲ့အတူ ချီတက်ခဲ့ကြပြီး အောင်မြင်စွာ လူစုခွဲနိုင်ခဲ့ပါတယ်။