မြန်မာ- ထိုင်းနယ်စပ် မြဝတီမြို့ အမှတ်၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းကို ဧပြီ ၂၈ ရက် ည ၁၁ နာရီဝန်းကျင်လောက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပါတယ်။
မြဝတီမြို့ အမှတ် ၁ ရာအိမ်မှူးက အကူညီလိုအပ်တယ်ဆိုပြီး လိမ်လည်ပြောဆို ခေါ်ဆောင်သွားပြီး မြဝတီမြို့မရဲစခန်းမှာ ချုပ်နှောင်ဖမ်းဆီးထားလိုက်တာဖြစ်ပြီး ဘာပြစ်မှုနဲ့ဖမ်းတယ် ဆိုတာတော့ မသိရသေးပါဘူး။
ဖမ်းဆီးခံလိုက်ရတဲ့ အုပ်ချုပ်ရေးမှူးဟောင်းက အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်တဲ့ ရပ်ကွက်ဥက္ကဋ္ဌကို လက်မခံသလို အမှတ် ၁ ရပ်ကွက်လုပ်ငန်းတွေကိုလည်း ဆက်လက်လုပ်ကိုင်ခြင်း မရှိပါဘူး။
ကရင်ပြည်နယ် မြဝတီမြို့မှာ ရပ်ကွက် ၅ ခုရှိပြီး အခု ဖမ်းထားတဲ့ အုပ်ချုပ်ရေးမှူးက လွဲပြီး အရင်အုပ်ချုပ်ရေးမှူး ၄ ယောက်ကို စစ်အာဏာသိမ်းကောင်စီက ပြန်လည်ခန့်အပ်ထားပါတယ်။