ကချင်ပြည်နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲဌာနက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ ဝန်ထမ်း ၁၄ ဦးကို အလုပ်က ထုတ်ပယ်ကြောင်း ဧပြီ ၂၈ ရက်နေ့က ကြေညာပါတယ်။
ကချင်ပြည်နယ် လူမှု/ကယ်ပြန် ဘေးအန္တရာယ်စီမံဌာနက အလုပ်ထုတ်ပယ်ခံရတဲ့သူတွေကတော့ ဗန်းမော်က ၃ ဦး၊ ရွှေကူ ၂ ဦး၊ မြစ်ကြီးနား ၇ ဦး၊ ဝိုင်းမော် ၁ ဦး၊ မိုးညှင်း ၁ ဦးတို့ ဖြစ်ပါတယ်။
စစ်အာဏာရှင် ပြုတ်ကျတဲ့အထိ CDM မှာ ဆက်လက်ပါဝင်သွားမယ်လို့ အလုပ်ထုတ်ခံရသူ CDM ဝန်ထမ်းတွေက ပြောပါတယ်။
ကချင်ပြည်နယ်မှာ အလုပ်ထုတ်ခံရသူ CDM ဝန်ထမ်းအရေအတွက် မသိရှိရဘဲ မြန်မာတနိုင်ငံလုံးအနေနဲ့ အလုပ်ထုတ်ခံရသူ CDM ဝန်ထမ်း စုစုပေါင်း ၅၀၀ လောက်ရှိပြီလို့ ကနဦး သိရှိရပါတယ်။