ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဆမားကုန်းမှာ အခြေချထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းတစ်ခုအား ကေအိုင်အေက ထပ်မံတိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ ကေအိုင်အေအရာရှိတစ်ဦးက အတည်ပြုပြောပါတယ်။
"ဧပြီ ၂၈ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ၀န်းကျင်အချိန်မှာ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိဆမားကုန်းမှာ အခြေချထားတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်တပ်ရဲ့ အိုခိုင်းခက်စခန်းအား ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။"
ဧပြီလ ၂၇ ရက်နေ့က တိုက်ပွဲမှာတော့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဘက်က ၂ ဦးကျဆုံးခဲ့ကာ အကြမ်းဖက်စစ်ကောင်စီဖက်က ဗိုလ်အဆင့် ၆ ဦးအပါအ၀င် အယောက် ၄၀ အထက် ကျဆုံးတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဘက်က တိုက်ပွဲတိုင်းမှာ ဂျက်ဖိုက်တာတွေ အသုံးပြုတိုက်ခိုက်ခဲ့သလို အသံတိတ် ဗုံးကျဲလေယာဉ်တွေနဲ့လည်း တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်အတွင်း နေ့စဉ်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ အခြေအနေကို အာဏာသိမ်း စစ်ကောင်စီရဲ့ မီဒီယာတွေမှာ ထုတ်လွှင့်ခြင်းမရှိဘဲ သတင်းအမှောင်ချထားပါတယ်။