မန္တလေးတိုင်း မိုးကုတ်မြို့မှာ ဧပြီ ၂၈ ရက်နေ့က မြို့နယ် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌဦးကိုကိုဦးနဲ့ ပြည်သူ ၃ ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားပါတယ်။
ဦးကိုကိုဦးကို အကြမ်းဖက်စစ်အုပ်စုက ခြံထဲအထိ ဝင်ဖမ်းတာကြောင့်မိသွား ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ရေပူရပ်ကွက်က CDM ကျောင်းဆရာမတစ်ဦးကို အကြမ်းဖက်စစ်အုပ်စုက ဝင်ဖမ်းရာမှာလည်း မမိတဲ့အတွက် ဆရာမရဲ့ မိခင်ဖြစ်သူနဲ့ အစ်ကိုဖြစ်သူတို့ကို ဖမ်းဆီးသွားတယ်လို့သိရပါတယ်။
ဒါ့အပြင် မိုးကုတ်အနောက်ပိုင်းနေ ပြည်သူတစ်ဦးဖြစ်တဲ့ ဗိုလ်တွတ်ကိုလည်း အကြမ်းဖက်အုပ်စုက အင်အားသုံးပြီး နေအိမ်မှာဖမ်းသွားတယ်လို့သိရပါတယ်။
CDM ဝန်ထမ်းတွေ၊ သပိတ်ခေါင်းဆောင်တွေနဲ့ အန်အယ်လ်ဒီပါတီဝင်တွေကို အကြမ်းဖက်စစ်အုပ်စုက ဆက်တိုက်ဖမ်းဆီးနေတာဖြစ်ပါတယ်။