ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ မုခ်ဦးအသစ်မှာ ရှမ်းဘာသာနဲ့ စာရေး ထည့်သွင်းပေးဖို့ မြို့မိမြို့ဖတွေက တောင်းဆိုနေကြပါတယ်။
ဧပြီ ၂၂ ရက်က ဆီဘောက်ဆာကားတစ်စီးက စည်းကမ်းမဲ့ လမ်းဖြတ်မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို တိမ်းရှောင်ခဲ့ရာမှာ ကျောက်မဲမြို့မုခ်ဦးကို ဝင်တိုက်မိခဲ့လို့မုဒ်ဦး ပျက်ဆီးသွားခဲ့တာဖြစ်ပါတယ်။
ဒေသခံတစ်ဦးက " ကျောက်မဲမြို့က ရှမ်းပြည်နယ်မှာ မြို့တစ်မြို့ ဖြစ်ပါတယ်၊ ဒါကြောင့် ကျောက်မဲမြို့ကို ရှမ်းစာနဲ့ပါ ထည့်သွင်းပေးစေလိုတာပါ၊ ရှမ်းရိုးရာအရုပ်၊ ရှမ်းရိုးရာအိုးစည်ဗုံမောင်းတွေလည်း ပါစေချင်ပါတယ် " လို့ ပြောပါတယ်။
ဒေသအာဏာပိုင်အဖွဲ့အစည်းက ကျောက်မဲမြို့မုခ်ဦးကို ဧပြီ ၂၅ ရက်က အပြီးဖြိုချခဲ့ကာ အသစ်တည်ဆောက်မယ့် မြို့မုခ်ဦးအသစ်ကို ကျောက်မဲမြို့ ပန်းခြံအနီးမှာ တည်ဆောက်သွားဖို့ စီစဉ်နေပါတယ်။