မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်မှာ ဧပြီ ၂၇ ရက်နေ့က ပြည်သူ ၃ ဦးကို သူတို့ရဲ့ နေအိမ်တွေမှာ အကြမ်းဖက်စစ်အုပ်စုက လာရောက်ဖမ်းဆီးခေါ်ဆောင် သွားပါတယ်။
အကြမ်းဖက်စစ်အုပ်စုက မိုးကုတ်မြို့ခံ ပြည်သူတွေရဲ့နေအိမ်ကို လက်နက်ကိုင် အင်အားအလုံးအရင်းနဲ့ ဝိုင်းထားကာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး မနန္ဒာအောင်၊ ကိုကျော်ဝင်းဆွေနဲ့ ကိုထွန်းနိုင်တို့ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“ဖမ်းဆီးခံရတဲ့သုံးယောက်မှာ အမျိုးသမီးတစ်ဦးပါပါတယ်။ သူက လောက်ကိုင်ကနေ ပြန်လာတာမကြာသေးဘူးလို့ သိရပါတယ်”။
အဆိုပါ ပြည်သူ ၃ ဦးကို ဘာကြောင့်ဖမ်းတယ်ဆိုတာနဲ့ ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
စစ်တပ်နဲ့ ရဲတွေစောင့်ကြည့်ဖမ်းဆီးမှုတွေရှိနေတဲ့ကြားက မန္တလေးတိုင်း မိုးကုတ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ပြည်သူတွေက နေ့စဉ်လိုလို ပုံစံမျိုးစုံနဲ့ အရှိန်မပျက် ဆက်လက်ပြုလုပ်နေတာဖြစ်ပါတယ်။