မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဧပြီ ၂၆ ရက်နေ့ကစပြီး ကမ္ဘောဇ (KBZ)ဘဏ်ခွဲတချို့ မနက် ၉ နာရီခွဲကနေ ၁၂ နာရီအထိ ပြန်လည်ဖွင့်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။
ဒီနေ့ မနက် ၇ နာရီဝန်းကျင်ကစပြီး ဘဏ်မဖွင့်ခင်ကတည်းက ငွေထုတ်မယ့်ပြည်သူတွေ ဘဏ်ရှေ့ တွေ့မှာ စည်ကားနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဘဏ်တံခါးတွေကိုတော့ ပိတ်ထားပြီး လူတစ်ဦးကို တပတ်မှာ ငွေကျပ် ၅ သိန်းသာ ထုတ်ခွင့်ရှိကာ တပတ်စာအတွက် တိုကင် ၁၅၀ သာ ထုတ်ပေးမှာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိ မိုးကုတ်မြို့အရှေ့ပိုင်း ဘဏ်ခွဲ ၁ နဲ့ အနောက်ပိုင်းဘဏ်ခွဲ ၂ သာလျှင် ဘဏ်ဖွင့်နေတာ ဖြစ်တယ်လို့သိရပါတယ်။
Photo Credit