မန္တလေးတိုင်း မိုးကုတ်မြို့ အုန်းကိုင်းရပ်ကွက်က နေအိမ်တလုံးကို ဧပြီ ၂၆ ရက်နေ့ နေ့ခင်းပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ ဝိုင်းခဲ့ပြီး သမီးဖြစ်သူ မခိုင်ဇင်သော်အား မတွေ့တာကြောင့် မိခင်ဖြစ်သူကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့မှာ မခိုင်ဇင်သော်က အွန်လိုင်း ဆယ်လီတစ်ဦးဖြစ်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေမှာ ပါဝင်လှုပ်ရှားခဲ့သူဖြစ်ပါတယ်။
မခိုင်ဇင်သော်က အဝေးမှာ ရှောင်နေတာကြောင့် မိခင်ဖြစ်သူကို ဖမ်းဆီးသွားတာလို့ သိရပါတယ်။
မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးမှုတွေကို ဆက်တိုက်ပြုလုပ်နေပေမယ့် ပြည်သူတွေရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေဟာ ပြောက်ကျားစနစ်နဲ့ ဆက်လက်လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။