အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဟာ မန္တလေးသံဃသမဂ္ဂ စစ်ကြောင်းကို ဖြိုခွဲဖို့လုပ်ဆောင်ခဲ့ပေမဲ့ အောင်မြင်စွာ လူစုခွဲနိုင်ခဲ့တယ်လို့ စစ်ကြောင်းမှာ ပါတဲ့ ဆရာတော်တစ်ပါးက မိန့်ပါတယ်။
မန္တလေးမြို့မှာ ဧပြီ ၂၆ ရက် မွန်းလွဲပိုင်းက မန္တလေးသံဃသမဂ္ဂစစ်ကြောင်းဟာ အာဏာရှင်စနစ် အလိုမရှိကြောင်းနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရကို ထောက်ခံကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ချီတက်ဆန္ဒပြနေတဲ့အချိန်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ တွေ ရောက်လာတာကြောင့် လူစုခွဲခဲ့ကာ ဖမ်းဆီးခံရတာ မရှိဘူးလို့ သိရပါတယ်။
မန္တလေးသံဃသမဂ္ဂစစ်ကြောင်းဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အတားအဆီးတွေ ဘယ်လို ရှိရှိ နေ့စဉ်ချီတက်ဆန္ဒပြနေတဲ့ စစ်ကြောင်း တစ်ခုဖြစ်ပြီး ဒီကနေ့ဆိုရင် ၇၇ ရက် မြောက်ထိ ရှိပြီဖြစ်ပါတယ်။