စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ရွှေပြည်သာတွင် ဆန္ဒပြ
DVB
·
April 25, 2021
အကြမ်းဖက်စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရွှေပြည်သာမြို့နယ်မှာ ဧပြီ ၂၅ ရက် မနက်ပိုင်းက စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဒေသခံတွေက ဆန္ဒပြခဲ့ကြပါတယ်။
စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်းကို ရွှေပြည်သာမြို့နယ်က အမှတ် ၁ အခြေခံ ပညာအထက်တန်းကျောင်းဆိုင်းဘုတ်မှာ ဆေးနီတွေနဲ့ စာတွေရေးပြီး ဆန္ဒပြခဲ့ကြတာပါ။
အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတဝှမ်းက စာသင်ကျောင်းတွေကို ပြန်ဖွင့်ဖို့ ပြုလုပ်လာပြီးနောက်ပိုင်းမှာ ဒေသခံလူတွေက ခုလို ဆန္ဒပြတာတွေ ပြုလုပ်လာတာပါ။
Photo - CJ / MPA