စစ်အာဏာရှင်ပြုတ်ကျရေးအတွက် မန္တလေးမြို့မှာ နည်းလမ်းအမျိုးမျိုးနဲ့ ဆန္ဒပြနေတာတွေ လုပ်နေကြပြီး လူငယ်တချို့ စုပေါင်းပြီး ဒီနေ့မနက် Monopoly game strike ပြုလုပ်ခဲ့ကြပါတယ်။
“မိုနိုပိုလီမှာ မြေကွက်တွေရဖို့ငွေတွေရင်းကြရတယ် ဒီတော်လှန်ရေးမှာတော့ ဒီမိုကရေစီရဖို့ တန်ဖိုးရှိလှတဲ့ အနှိုင်းမဲ့တဲ့အသက်တွေရင်းခဲ့ရတယ်။နှစ်ခုစလုံးရဲ့ပန်းတိုင်ကတော့ နောက်ဆုံးမှာကျန်ပြီး အနိုင်ရဖို့ပါပဲ အဲ့ဒါကြောင့် အနိုင်ရဖို့ဆိုရင် အဆုံးထိ တိုက်ပွဲဝင်ကြရမယ်။ အစရှိရင် အဆုံးရှိမယ်” လို့ လူငယ်တစ်ဦးက ဆိုပါတယ်။
Monopoly game strike မှာ အမျိုးသားညီညွတ်ရေးအစိုရကို ထောက်ခံကြောင်း၊ စစ်တပ်အနေနဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများရှိကြောင်း စတဲ့ စာတွေ ရေးပြီး အသိပေးတာတွေ လုပ်ခဲ့ကြပါတယ်။