မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ ဧပြီ ၂၁ ရက်နေ့ ည ၇ နာရီခွဲ အချိန်လောက်က ဆီဘောက်ဆာ ယာဥ်မောင်းတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
ဆီဘောက်ဆာတင် ၁၀ ဘီးကားယာဉ် ၃ စီးဟာ ဘီးလင်းရွှေတူးဖော်ရေးလုပ်ငန်းကို ဆီ သွားပို့ပြီး အပြန် ခြေမြန်တပ်ရင်း ၃ အရောက်မှာ ပစ်ခတ်ခံခဲ့တာလို့ ဆိုပါတယ်။
အဲဒီ ပစ်ခတ်မှုကြောင့် ဆီဘောက်ဆာယာဉ်မောင်း ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး အဖမ်းခံလိုက်ရပါတယ်။
ဘီးလင်းမြို့နယ်မှာေတာ့ ည ၇ နာရီနောက်ပိုင်း စစ်တပ်နဲ့ ရဲစခန်းအရှေ့က ဖြတ်သန်းသွားလာသူတွေကို မကြာခဏ ပစ်ခတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။