မြန်မာစစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၇၃၇ ယောက်မက သေဆုံး ၃၂၀၀ကျော် အဖမ်းဆီးခံနေကြရတဲ့အပြင် လူပေါင်း ၂ သိန်းခွဲလောက် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတဲ့သတင်းတွေကြောင့် ထိတ်လန့်တုန်လှုပ်မိတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်ဒရူးက ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံက လူသားဆိုင်ရာကပ်ဘေးဒုက္ခကြီးကို ကူညီဖြေရှင်းဖို့ နိုင်ငံတကာက ချက်ခြင်းအရေးယူ ဆောင်ရွက်ပေးဖို့လည်း တွမ်အန်ဒရူးက သူ့ရဲ့တွစ်တာစာမျက်နှာမှာ ရေးသား တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကရင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နယ်မြေခံကရင်ရွာသားပေါင်း ၂၅၀၀၀ လောက် ပြေးလွှားတိမ်းရှောင်နေရတယ်လို့ Free Burma Rangers လူမှုကယ်ဆယ်ရေးအဖွဲ့က ကြေညာထားပါတယ်။
Photo- KTWG