ထိုင်းနိုင်ငံအတွင်း ပြစ်ဒဏ်ကျခံပြီး မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်ကတဆင့် နေရပ်ပြန်လည်လွှဲပြောင်းခံရသူ တွေထဲက ၅ ယောက်မှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေး တွေ့ရှိခဲ့ပါတယ်။
ဒီနေ့ ဧပြီ ၂၀ ရက်နေ့မှ ထိုင်းနိုင်ငံက လွှဲပြောင်းလာသူ ၄၁ ဦးထဲက အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို မြန်မာတာဝန်ရှိသူတွေက test kit နဲ့စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူတွေတွေ့ရှိတာ ဖြစ်ပါတယ်။
ပိုးကူးစက်ခံထားရသူတွေကိုတော့ သီးသန့်ထားရှိပြီး ဆက်လက်ကုသဖို့ လုပ်ဆောင်နေ တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံကနေ မြန်မာပြည်တွင်းကို ပြန်လာသူတွေ အထဲက အခုလိုနေရပ်ပြန်လွှဲပြောင်းသူတွေမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရသူတွေပါလာတာ အခုနှစ်အတွင်း ပထမဆုံးဖြစ်ပါတယ်။
လတ်တလော ထိုင်းနိုင်ငံအတွင်း ဘန်ကောက်နဲ့ ချင်းမိုင်အပါအဝင် မြို့တွေအတော်များများမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ မြင့်တက်နေတာဖြစ်ပါတယ်။