ဧရာဝတီတိုင်း မြောင်းမြမြို့က အလွတ်တန်းသတင်းထောက်တစ်ဦးဖြစ်တဲ့ ကိုရဝေမောင်ကို အကြမ်းဖက်စစ်ကောင်စီက ဧပြီ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ဖမ်းဆီးခဲ့ပါတယ်။
မြောင်းမြမြို့မရဲစခန်းက ကိုရဝေမောင်ကို သတင်းပေးစရာရှိတယ်လို့ လိမ်လည်ခေါ်ယူခဲ့ပြီး ရဲစခန်းကို ကိုရဝေမောင် ရောက်ရှိသွားချိန်မှာ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ထားတာရှိကြောင်း ပြောဆိုပြီး ဖမ်းဆီးထားခဲ့တာလို့ ကိုရဝေမောင်ရဲ့ မိတ်ဆွေတွေက ပြောပါတယ်။
ကိုရဝေမောင်ဟာ အာဏာမသိမ်းခင်အချိန်က TCP News သတင်းအေဂျင်စီမှာ မြောင်းမြခရိုင်တာဝန်ခံအဖြစ်လုပ်ကိုင်ခဲ့ပြီးတော့ အခု အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်က နုတ်ထွက်ထားသူဖြစ်ပါတယ်။